Sunday, November 18, 2007

LITTLE SISTER


Hey sister are you all alone?
I'm standing out your window
Hey little sister can I come inside there
I want to show you all my love
I want to be the only one
I know you like nobody ever,

Little sister can't you find another way
No more living life behind a shadow

You whisper secrets in my ear
Slowly dancing cheek to cheek
Such a sweet thing when you open up, baby
They say I'll only do you wrong
Come together cause I understand
Just who you really are ?

Little sister can't you find another way
No more living life behind a shadow

Tayzar

NYI MA LAY'S SONG ( SAI WIN MYINT)

Wednesday, November 14, 2007

ဆရာမြသန်းတင့်၊ မြသီနှင့် စစ်မှန်သောလုံခြုံရာသို့

line

(က)

၁၉၉၃ ခုနှစ် မေလ (၁၉) ရက်နေ့ ...။

အင်္ဂလန်နိုင်ငံ အောက်စဖိုဒ်တက္ကသိုလ်၌ အဌမမြောက် “ဂျွိုက်စ်ပီအာစ်” အထိမ်းအမှတ် ဟောပြောပွဲ တခုအား ကျင်းပခဲ့သည်။ မစ္စပီအာစ်က သူမဘ၀ရှိ အချိန်များစွာနှင့် သူမ၏ စွမ်းဆောင်ရည်ရှိသမျှ
အား ဒုက္ခသည်များအတွက်သာ ဆောင်ရွက်ခဲ့သည်။ လူမှုရေးလုပ်ငန်းများအတွင်း “ဂျွိုက်စ်ပီအာစ်” သည် ဘ၀အား မြုပ်နှံထားသူ။ ဟောပြောပွဲသို့ ဒေါ်အောင်ဆန်းစုကြည်အားဖိတ်သည်။ ဒေါ်အောင် ဆန်းစုကြည်က မတက်ရောက်နိုင်။ ထိုစဉ်က ဒေါ်စုသည် စစ်အုပ်စု၏ ဖမ်းဆီးထိန်းသိမ်းထားခြင်း
အား နေအိမ်၌ ခံနေရသည်။ သို့နှင့် ဒေါ်စုမှ ဟောပြောပွဲသို့ စာတမ်းတစောင် ရေးသား၍ ပေးပို့ခဲ့
သည်။ ဒေါ်စု၏ စာတမ်းအား သူမကိုယ်စား ခင်ပွန်းသည်က ဖတ်ကြားခဲ့သည်။

“Refugee ဟူသော အသုံးအနှုန်းကို မြန်မာပြန်လိုက်သောအခါ ဒုက္ခသည် တနည်းအားဖြင့် ဒုက္ခ ခံစားနေရသူဟု အဓိပ္ပာယ်ပေါက်ပါသည်။ ဤသဘောအတိုင်းသာဆိုပါက ဒုက္ခသည်ဘ၀ကို ကျမတို့အားလုံးမလွဲမသွေ သိရှိရမည်ဖြစ်ပါသည်။ ဘ၀ရပ်တည်မှု၏ အနှစ်သာရတန်ဖိုးကိုပေးသော လုံခြုံမှုနှင့် ကိုယ်စိတ်နှစ်ဖြာချမ်းသာမှုတို့ကို ချိုးဖဲ့ဖျက်ဆီးသည့် အင်အားစုများ၏ဘေးရန်မှ
ကင်းဝေးလုံခြုံရေးကို ရှာဖွေနေကြသောသူများသည် ဒုက္ခသည်များပင် ဖြစ်ကြပါသည်”

စာတမ်း၏နိဒါန်းကို ဤသို့ ဒုက္ခသည်အဓိပ္ပာယ်အား ဖွင့်ဆို၍ရေး၏။ စာတမ်း၏အမည်ကား “စစ်မှန်သော လုံခြုံရာသို့”

(ခ)

ဆရာမြသန်းတင့်၏ ပထမဆုံးရေးသော ၀တ္ထုတိုက “ ဒုက္ခသည်” ဖြစ်သည်။ မြသန်းအမည်နှင့် ရေးခဲ့ခြင်းဖြစ်သည်။ ၁၉၄၉ ခုနှစ်ထုတ် တာရာမဂ္ဂဇင်း အတွဲ (၃) အမှတ် (၂၁) တွင်ဖော်ပြပါရှိ
ခဲ့သည်။

ပြည်တွင်းစစ်က လွတ်လပ်ရေးနှင့်အတူ ပေါက်ဖွားလာ၏။ နေရာမရွေး။ မြန်မာပြည်အနှံ့ ပြည်တွင်း စစ်မီးက တောက်လောင်တော့သည်။ အစိုးရက ရန်ကုန်တ၀ိုက်ကိုသာ ထိန်းထားနိုင်တော့၏။ ကေအင်ဒီအိုက မြစ်ဝကျွန်းပေါ်အားသိမ်းသည်။ အင်းစိန်အား တိုက်သည်။ အစိုးရတပ်များက ပြန်၍ခုခံသည်။ ပြည်တွင်းစစ်မီးလျှံက လောင်မြိုက်၍ကောင်းဆဲ။ ရွာသားများ ရွာတွင်မနေရဲ။ ရွာကိုပစ်၍ပြေးကြရ၏။

ဒုက္ခသည်များ...

ကိုဘိုးမြတို့ မိသားစု ဒုက္ခသည်ကယ်ဆယ်ရေးအဖွဲ့၏ အစီအစဉ်နှင့် ရန်ကုန်သို့ရောက်ခဲ့ကြသည်။ ဒုက္ခသည်များအား ရန်ကုန်တက္ကသိုလ်၏ အဆောင်များတွင်ထားသည်။ ကိုဘိုးမြတို့ အိမ်ထောင်
စုတွင် ဇနီးမရွှေခင်၊ သမီးမြသီနှင့် အောင်ဘန်းတို့ ညီအစ်ကို ငါးယောက်ရှိသည်။ ဒုက္ခသည် ကယ်ဆယ်ရေးအဖွဲ့က တနေ့လျှင် ဆန်နို့ဆီဗူးနှစ်လုံး ဆီနှစ်ကျပ်ခွဲသား၊ ပဲ နို့ဆီဗူး တလုံး ထုတ်ပေးသည်။ လိုတာကိုတော့ ကိုယ်ဘာသာကိုယ် ၀ယ်ယူကြ။

ရွာက ရောက်လာကာစဖြစ်၍ ပြဿနာမရှိ။ လက်ထဲတွင် ငွေစကြေးစလေးများပါလာသေးသည်။ လိုတာအား ၀ယ်နိုင် သုံးနိုင်ကြ၏။ တဖြည်းဖြည်းကြာလာတော့ ပါလာသည့်ငွေသည်လည်း ပွန်း၍ ပါး၍လာပြီ။ ကြာရင်တော့ ခက်ပြီ။ ကိုဘိုးမြတို့ မိသားစုတွင် မြသီက အကြီးဆုံးသမီး အပျိုဘော်
ဝင်စအရွယ်။ မရွှေခင်က အငယ်နှစ်ယောက်နှင့် ချက်ပြုတ်လိုက်နှင့် လက်မလည်နိုင်။ နောက်ဆုံး ဈေးဖိုးကာမိရန် မြသီဈေးရောင်းထွက်ရတော့သည်။ မြသီက ပထမမြေပဲလှော်နှင့် ကွမ်းယာ စရောင်းသည်။ နောက် ကမာရွတ်ရှိ ကုလားဆိုင်မှ ရေနံဆီကို နေ့ပြန်တိုးနှင့်ယူ၍ ဒုက္ခသည် စခန်းအတွင်းလှည့်၍ရောင်းသည်။

ပထမတွင် မဆိုး။ တနေ့ တနေ့ ခြောက်မူး သုံးမတ်လောက်ကျန်သည်။ ညနေတွင် ကုလားဆိုင်မှ ဈေးကြွေးအား မြသီဆပ်သည်။ ပြီးလျှင် နောက်နေ့အတွက် အကြွေးနှင့် ဈေးထွက်ဝယ်သည်။ အလျဉ်မီ၏။ နောက်ပိုင်း၌ ကျောင်းဝင်းအတွင်း ဒုက္ခသည်များ သူသူကိုယ်ကိုယ် ဈေးသည်တွေချည်း ဖြစ်လာကြတော့၏။ ဈေးသည်များပေါ၍ တနေကုန် လှည့်ရောင်းသော်လည်း မြသီအဖို့ ငါးမူးကျန် ရန်ပင် ခက်ခဲလာတော့၏။ ကုလားဆိုင်မှ ဈေးကြွေးအား မြသီ မှန်မှန်မရှင်းနိုင်။ ဈေးရောင်းကောင်း လျှင်မူ မနက်ကအကြွေး ညနေရှင်းနိုင်၏။ ရောင်းမကောင်းသည့်နေ့တွင်တော့ မြသီမရှင်းနိုင်။

(ဂ)

“အမေရေ ကျုပ် ပိုက်ဆံသွားရှင်းအုံးမယ်” ဟု စင်္ကြံဘေးတွင်ထမင်းချက်နေသည့် မရွှေခင်ကို လှမ်းပြောကာ ထွက်လာ၏။ မိန်းကလေးကျောင်းဆောင်ရှေ့တွင် ကျောင်းသူတွေ လမ်းလျှောက် နေကြ၏။ ဆည်းဆာကလေးကလည်း မပွင့်တပွင့်မို့ စိတ်ထဲမှာ မြူးမိသည်။ နဂိုကလည်း စိတ်ပေါ့ ပါးပြန်။ ရာသီကလည်း မလင်းတလင်းနှင့် သာယာပြန်တော့ မြသီမှာ ရင်ထဲကခုန်လာကာ ပျော်၏။ သည်အချိန်ဆိုရင် ပိုက်ဆံရှင်းလို့ကောင်း၏။ လူရှင်းသည်။

“ကာကာ မနေ့က ကျန်တာ နှစ်ကျပ်တမူး၊ ဒီနေ့ရေနံဆီယူတာက သုံးကျပ်” ဟု တွက်ရင်း အိတ်ထဲက ပိုက်ဆံကိုနှိုက်၏။
“ရော့ ရှင်ရေ ဟုတ်လား”
“ကောင်မလေး ယူသွားအုံးလေ”
“ဟာ ကျန်သေးတယ် ၊ ကုန်မှ လာယူမယ်”

စိတ်ထဲတွင်ပေါ့ပါးသွား၏။ ရှိနေသည့် အကြွေးတွေဆပ်လိုက်ရ၍ ၀မ်းသာမိသည်။ ပိုက်ဆံပေး၍ ပြန်မည့်အပြုမှာ ကုလားက နေအုံးဟုဆိုကာ မနက်ဖြန်အတွက် ဆန်ထုတ်ပေး၏။ ဆန်ချင်နေစဉ် မုတ်ဆိတ်မွှေး ရှရှက ပါးကိုတိုက်မိသွား၍ ယားကျိကျိဖြစ်သွား၏။ လက်မောင်းမွှေးတွေနဲ့ လက်ကြီး
က မြသီကို ရစ်ပတ်၏။ နှာခေါင်းချွန်ချွန်က မျက်နှာကို မိုး၏။

အပြန်တွင် မြသီကို ကုလားက ငွေငါးကျပ်ပင်ပေးလိုက်သေးသည်။ မြသီမှာ နွမ်းနယ်၏။ ရင်ထဲ ကလည်း တဒိတ်ဒိတ်ခုန်၏။ အတွေ့က ငိုရမည့်အတွေ့လား၊ သာယာရမည့်အတွေ့လား ဝေခွဲမရ။ မျက်ရည်များ လှိမ့်ဆင်းလာ၏။

(ဃ)

မတတ်နိုင်ပါ။ အလုပ်လည်းမရှိ။ ဈေးရောင်းပြန်လျင်လည်း အမြတ်မရ။ ဒုက္ခသည်ကယ်ဆယ်ရေးမှ ပေးသည့်ဆန်ကလည်း မလုံလောက်။ တခါတလေ ပိုးထိုး၊ ရေစိုဆန်ပင် ပါသေးသည်။ မြသီမှာ လူ လေးငါးယောက်ကို တွေ့ဖူးလာ၏။ ဒီလိုကျောင်းဝင်းထဲတွင် ဈေးသည်တွေ ပေါသည့်အတွက် တနေ့ တကျပ်လောက်မှမကျန် ဈေးသည်ပေါသည့်ခေတ်တွင် ကံတရားကိုသာ အဆိုးချရမည်။

အဖေတို့ အမေတို့သိရင်တော့ ဒုက္ခပဲ။ တခါတလေတော့ စိုးရိမ်မိသည်။ တောမှာသာ နေရင် ဒီလို
လည်းဖြစ်မှာ မဟုတ်ဘူးဟူ၍လည်း နောင်တရသလိုလိုရှိ၏။ သည်လိုနှင့်မြသီမှာ အဆုံးတွင် ငိုရမလား၊ မဝေခွဲနိုင်။ တညမှာ လူရည်သန့်သန့်နှစ်ယောက် လာခေါ်သွား၏။ တညလုံးအတွက် ငွေလေးဆယ်ရ၏။ မြသီမှာ ပထမတော့ ကုလားနဲ့တုန်းက ငွေငါးကျပ်ကို ခုံမင်ခဲ့မိလို့။ သူတို့နဲ့
ကျတော့ ငွေလေးဆယ်ကို မက်မောမိလို့...။

(င)

ဒုက္ခသည်ဝတ္ထုတိုအား ဆရာမြသန်းတင့်ရေးသည့်အချိန်၌ ဆရာသည်ရန်ကုန်တက္ကသိုလ်တွင် တတ်ရောက်နေဆဲ တက္ကသိုလ်ကျောင်းသား။ အင်းစိန်ဘက်မှ သေနတ်သံသဲ့သဲ့အား ဆရာကြား နေရမည်။ သေနတ်သံများကား အင်းယားရေပြင်အား လှိုင်းထသွားစေမည်။ ကံ့ကော်ရနံ့ကို ယမ်းနံ့နှင့်ကူးလိုက်မည်။ ဤတွင် ဆရာသည် ဒုက္ခသည်အား ရေးခြင်းဖြစ်မည်။

(၇) နှစ်မြောက်ပေဖူးလွှာ မဂ္ဂဇင်း၏ တွေ့ဆုံမေးမြန်းခန်းတွင် ဆရာမြသန်းတင့်နှင့် ဆရာဝင်းငြိမ်း တွေ့ဆုံထားသည်ကို ဖော်ပြခဲ့သည်။ ဤတွင်ဆရာက ဒုက္ခသည်ဝတ္ထု ရေးရသည့်အကြောင်းအား ရှင်းပြသည်။

“ပထမဆုံးဝတ္ထုတိုက ၁၉၄၉ ခုနှစ်ထုတ်တဲ့ တာရာထဲမှာပါတယ်။ ဒုက္ခသည်ဆိုတဲ့ ၀တ္ထုတို။ အဲ့ဒီတုန်းက ကျနော်တို့နေတဲ့ ရန်ကုန်တက္ကသိုလ် ဥတ္တရာကျောင်းဆောင် (ရွှေဘိုဆောင်) မှာ ကျောင်းသားတွေကို အိမ်ပြန်လွှတ်ပြီး အင်းစိန်တ၀ိုက်က စစ်ပြေးဒုက္ခသည်တွေကို ထားရတယ်။ အဲ့ဒီထဲက ကောင်းမလေး တယောက်အကြောင်းကို ကျနော်ဝတ္ထုရေးတယ်။ ကျနော်တို့ရှေ့မှာတင် ဒီကောင်မလေး ပျက်စီးသွားတယ်။ ပြည်တွင်းစစ်ကြောင့် တောက ပြေးလာကြပြီး ရန်ကုန်ရောက်
တော့ အဲ့လိုပျက်စီးသွားရတဲ့ မိန်းကလေးတွေကို ကျနော်တွေ့နေရတယ်။ ဒါဟာ ပြည်တွင်းစစ်ရဲ့ အနိဋ္ဌာရုံဖြစ်တယ်။ ဒါကြောင့် ပြည်တွင်းစစ်ဖြစ်တာ မကောင်းဘူးလို့ ကျနော်ရေးတယ် ”

(စ)

ပြည်တွင်းစစ်မီးက အင်းစိန်မှ ပဲခူးရိုးမသို့ ရွေ့သည်။ ပြီးလျှင် သံလွင်သို့ကူး၏။ မငြိမ်း။ ဒုက္ခသည် တို့သည်လည်း နယ်စပ်မျဉ်းတလျှောက်၌ သီ၍ရှိနေကြဆဲ။ အိမ်မပြန်နိုင်ကြသေး။ ဒုက္ခသည်တို့၏ ဒုက္ခများက မအေးငြိမ်း။

ဒေါ်အောင်ဆန်းစုကြည်၏ “စစ်မှန်သောလုံခြုံရာသို့” စာတမ်း၏ နိဂုံးချုပ်ချက်နှင့်ပင် အဆုံးသတ်
ပါရစေ ...။

“ရုပ်ပိုင်းဆိုင်ရာ အထောက်အကူမှန်သမျှ ဆုံးရှုံးခဲ့ရသူတို့တွင် အားကိုးအားထားပြုစရာဟူ၍ မိမိတို့၏ ယဉ်ကျေးမှုနှင့် စိတ်ပိုင်းဆိုင်ရာတန်ဖိုးထားမှု ဓလေ့သာ ကျန်တော့ကြောင်းကို ဒုက္ခသည်များနှင့် ဆက်ဆံလုပ်ကိုင်သူများ အသိဆုံးဖြစ်ပါသည်။ ဘိုးဘွားစဉ်ဆက် ယုံကြည်လက်ခံလာခဲ့ကြသော သဒ္ဒါတရား၊ ဂရုဏာတရားတို့မှ ပေါက်ဖွားလာသော ဝေငှပေးကမ်းလိုစိတ်များကြောင့် အိုးမဲ့ အိမ်မဲ့ ဖြစ်နေရသူ ဆင်းရဲသားများကပင် မိမိ၏ ရှိစု မဲ့စု ရိက္ခာလေးကို အလျှံအပယ်ကြွယ်ဝသူကဲ့သို့ သူတပါးအား ကြည်နူးစွာ ပေးကမ်းခြင်းများလည်း ရှိပါသည်။

တဖန် ကိုယ်ကျိုးကိုသာ အဓိကထားသည့် သဘာဝကို ကြာမြင့်စွာ မွေးမြူအားပေး၍ ပေါ်ပေါက် လာသော အဘိဇ္ဖျာဗျာပါဒ စိတ်များ၏ လှုံ့ဆော်မှုကြောင့် ဒုက္ခသည်အချင်းချင်းထံမှပင် ခိုးဝှက်လု
ယက်ကြသည်များပင် ရှိပါသည်။ စင်စစ်မှာမူ ကမ္ဘာဒုက္ခသည်အများစုသည် လူမဆန်မှုနှင့် ပညာ
ဥာဏ် ကင်းမဲ့မှုကြောင့် ဖြစ်ပေါ်လာရသော မခံသာတော့သည့် အခြေအနေများမှ ကင်းလွတ်ရာ လုံခြုံရာကို ရှာနေကြသူများဖြစ်ပါသည်။

မင်းဟန်

AUNG SAN SUU KYI APPEALS FOR PROSPECT BURMA


The future of my country lies in the hands of the younger generation.

Under the present military government the whole educational system is neglected and higher education is virtually non-existent with the frequent closure and repressive control of the universities.

Prospect Burma is a non-political charity which does its best to fill the gap.

It funds scholarships for young Burmese, most of whom have been forced to look for their education abroad. It arranges training and educational courses in Thailand and elsewhere.

I warmly commend its work to you, and hope that you might be able to offer it financial help.

Aung San Suu Kyi signature

Aung San Suu Kyi


@ please contect www.propectburma.org if youwant to donate


သူစိမ်း
*ကျွန်တော့ကိုပြောပြပါ
ခင်ဗျားဟာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့
လူတယောက်ပါ
ခင်ဗျားဘယ်သူ့ကို အချစ်ဆုံးလဲ
ခင်ဗျားရဲ့ အဖေလား - အမေလား
ညီလား - အကိုလား၊ အမလား - ညီမလား။

*ကျွန်တော့မှာ အဖေအမေ မရှိပါဘူး
ညီတို့ အကိုတို့၊ ညီမတို့ အမတို့လည်း မရှိပါဘူး။
*ဒါဆို ... ခင်ဗျားရဲ့ သူငယ်ချင်းလား။
ဒီအက္ခရာစာလုံးတို့ရဲ့ အဓိပ္ပာယ်ကို ကနေ့တိုင်
ကျွန်တော်ရှင်းလင်းစွာ နားမလည်သေးပါဘူး။

*ဒါဆို ... ခင်ဗျားရဲ့ တိုင်းပြည်။
သူဘယ်အရပ်မှာ တည်ရှိနေတယ်ဆိုတာ ကျွန်တော်မသိပါ။

*ဒါဆို ... အချောအလှ။ မိန်းမ။
တကယ်လို့သာ၊ သူမဟာ
ထာဝစဉ် နုပျိုနေမယ့် နတ်မိမယ်လေး
ဖြစ်နေမယ်ဆိုရင်တော့ဗျာ
ကျွန်တော် ချစ်ကောင်းချစ်မိမှာ။

*ဒါဆို ... ရွှေငွေဥစ္စာ။
အဲဒီအရာတွေကို ကျွန်တော်မုန်းပါတယ်။
ဘုရားသခင်ကို မုန်းသလိုမျိုးပေါ့။

*ဟာ ... ခင်ဗျားက လူထူးလူဆန်းကြီးပါလား။
ဘယ်အရာကို အမှန်စစ်
ခင်ဗျားတကယ်ချစ်တာလဲလို့။

*ကျွန်တော် ... ဟိုး ... ဆီက တိမ်ကို ချစ်ပါတယ်။
ဟိုးဆီက လွင့်နေတဲ့ တိမ်ကိုလေ ...။

မှန်းမျှော်တွက်ဆလို့ မရတဲ့တိမ်လေ .......။

ဘာသာပြန်သူ (မိုးစက်)


ဘော်တယ်လာ (ပြင်သစ်) ကဗျာဆရာ၏ ကဗျာ

အကယ်၍ IF

အကယ်၍
ရုဒ်ရပ်ဒ်ကစ်ပလင်း
ဘာသာပြန် - ဒေါ်အောင်ဆန်းစုကြည်

အကယ်၍
မင်းရဲ့ အမှန်စကားတွေကို
လူလိမ် လူညစ်တွေက
လှည့်စား ပြောင်းလဲပြီး
မုသားအဖြစ် ထောင်ချောက်ဆင် ညစ်တဲ့အခါ
မင်းဟာ
တည်ငြိမ်စွာနဲ့ နာကြားနိုင်မယ်ဆိုရင် ….

ဒါမှမဟုတ်
မင်းဘ၀ တခုလုံးပေးပြီး
အရိပ်တကြည့်ကြည့် ဖြည့်ဆည်းခဲ့ရတဲ့ အရာရာကို
ဖျက်ဆီးခံလိုက်ရပြီးတဲ့နောက်မှာ
အင်မတန်မှ သေးငယ်တဲ့ တန်ဆာပလာ အရာရာနဲ့
ပြန်လည် တည်ဆောက်နိုင်မယ်ဆိုရင်…..

အကယ်၍
မင်းနိုင်ခဲ့သမျှတွေ အားလုံးဟာ
ကြွေတလှည့် ကြက်တစ်ခုန်ပမာ
တလှည့်တခါတည်းနဲ့ ဆုံးရှုံးသွားခဲ့ရင်…
ပြီးတော့
အစကနေ ပြန်စနိုင်မယ်ဆိုရင် …
ပြီးတော့တစ်ခါ
ဆိုးလှတဲ့ ကြမ္မာရယ်လို့
ဘယ်သောခါမှ ညည်းညူမနေဘူးဆိုရင်….

အကယ်၍
သူများတကာ လုပ်ပြီးသွားကြလို့ အချိန်အတော်ကြာမှ
မင်းအလှည့် ရောက်လာတဲ့အခါ
မင်းတယောက်တည်းနဲ့ပဲ
အားနဲ့မာန်နဲ့ ဇွဲသတ္တိရှိရှိ ဆက်ကြိုးစားနိုင်မယ်ဆိုရင်….
အဲဒီလိုပဲ
မင်းမှာ စိတ်အင်အားကလွဲလို့
ဘာဆိုဘာမှ မရှိတော့တဲ့အခါ
အဲဒီစိတ်ဓာတ်အင်အားကို
ခိုင်မာစွာနဲ့ပဲ ဆက်လက် ဆုပ်ကိုင်ထားနိုင်မယ်ဆိုရင်…..

အကယ်၍
စောင့်သင့်တဲ့ အချိန်ကို စောင့်နိုင်ပြီး
အဲဒီအတွက်လည်း မမောမပန်း နေနိုင်မယ်ဆိုရင်….
ဒါမှမဟုတ်
မင်းရဲ့အကြောင်း
မဟုတ်တရား မုသားစကား ကြားရတဲ့အခါ
မင်းကလည်း အလိမ်အညာတွေနဲ့
မတုံ့ပြန်ဘူးဆိုရင်….

ဒါမှမဟုတ်
မင်းကို လူတကာက ၀ိုင်းဝန်း မုန်းတီးတဲ့အခါ
မင်းဟာ အမုန်းတွေ ပြန်မပွားဘူးဆိုရင်…
ပြီးတော့
မင်းကိုယ်မင်း လူတော်တယောက်ရယ်လို့ မမြင်ဘဲ
ပညာရှိ စကားတွေလည်း မပြောဘူးဆိုရင်….

အကယ်၍
စိတ်ကူးယဉ် အိပ်မက်တွေဟာ
မင်းအပေါ် မလွှမ်းမိုးစေဘဲ စိတ်ကူးနိုင်မယ်ဆိုရင်….
အတွေးအခေါ် စိတ်ကူးတွေဟာ
မျှော်မှန်းချက် သက်သက်သာ မဖြစ်စေဘဲ တွေးခေါ်နိုင်မယ်ဆိုရင်…

အကယ်၍
အောင်မြင်မှုသုခနဲ့ ဆုံးရှုံးမှု ဒုက္ခတွေကို ကြုံတွေ့ရတဲ့အခါ
တူညီသော လောကဓံတရားတွေပါလား ရယ်လို့
ခံယူထားနိုင်မယ်ဆိုရင် …

အကယ်၍
လူတွေနဲ့ ထိတွေ့ပြောဆို ဆက်ဆံရတဲ့အခါ
ကိုယ်ကျင့်သိက္ခာကို စောင့်ထိန်းနိုင်မယ်ဆိုရင်…..
ဒါမှမဟုတ်
မင်းဧကရာဇ်တွေနဲ့ အတူ လမ်းလျှောက်နေရပေမယ့်
မာန်မာန သွေးမကြွဘူးဆိုရင်….

အကယ်၍
ရန်သူကဖြစ်စေ၊ မိတ်ဆွေကဖြစ်စေ
မင်းကို သိပ်ပြီး နာကျည်းအောင် မလုပ်နိုင်စေရင်….

အကယ်၍
လူတိုင်းကို တန်ဖိုးထား လေးစားရပေမယ့်
စွဲလမ်းမှု သံယောဇဉ်တွေ ထားမနေဘူးဆိုရင်….

အကယ်၍
တိုတောင်းလှတဲ့ မပစ်ပယ်နိုင်တဲ့ တမိနစ်အတွင်းမှာ
အဓိပ္ပာယ်ရှိလှတဲ့ စက္ကန့်ခြောက်ဆယ်အဖြစ်
အသုံးချနိုင်မယ်ဆိုရင်…..

ငါ့သားရေ …
မင်းဟာ
အရာရာရှိတဲ့၊ အရာရာဖြစ်တဲ့
ကမ္ဘာကြီးကို ဆုတ်ကိုင်လို့
အရာရာ ဘာမဆို မင်းစွမ်းနိုင်ပြီပေါ့…
အဲဒီတော့ မင်းဟာလည်း
ယောင်္ကျားကောင်း တယောက်ပဲပေါ့….။ ။

ဘာသာပြန် - ဒေါ်အောင်ဆန်းစုကြည်

IF

If you can keep your head when all about you
Are losing theirs and blaming it on you,
If you can trust yourself when all men doubt you,
But make allowance for their doubting too;
If you can wait and not be tired by waiting,
Or being lied about, don’t deal in lies,
Or being hated, don’t give way to hating,
And yet don’t look too good, nor talk too wise:

If you can dream and not make dreams your master;
If you can think and not make thoughts your aim;
If you can meet with Triumph and Disaster
And treat those two imposters just the same;
If you can bear to hear the truth you’ve spoken
Twisted by knaves to make a trap for fools,
Or watch the things you gave your life to broken,
And stoop and build’ em up with worn-out tools:

If you can make one heap of all your winnings
And risk it on one turn of pitch-and –toss.
And lose, and start again at your beginnings
And never breathe a word about your loss;
If you can force your heart and nerve and sinew
To serve your turn long after they are gone,
And so hold on when there is nothing in you
Except the Will which says to them: “ Hold on:!”

If you can talk with crowds and keep your virtue,
Or walk with Kings-nor lose the common touch,
If neither foes nor loving friends can hurt you,
If all men count with you, but none too much;
If you can fill the unforgiving minute
With sixty seconds’ worth of distance run.
Yours is the Earth and everything that’s in it,
And which is more - you’ll be a Man, my son!

RUDYARD KIPLING
(1865 – 1936)

သခင်အောင်ဆန်း တရား


သခင်အောင်ဆန်း တရား
ဇော်ဂျီ

ငါ့ညီ ပြောင်ဝင်း၊ မောင်သစ်ဆင်း
မင်း၏ သားငယ်၊ မင့် သက်လှယ်ကို
အဘယ်တရား ဟောမည်နည်း။

ဆန်း၏ သတ္တိ
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ
ဟောစရာကား၊ အလွန်များ၏
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ် အောင်ဆန်း၊ သူ့ အစွမ်းကို
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့
မင့်သား သိစေချင်လှ၏။

သူ့ အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျ လောင်မြိုက်၊ သူ မီးတိုက်၏
ခေတ်လိုက်ခါညီ၊ ခေတ်မီပညာ
ကြုံရာဘ၀၊ မျှတလုံလောက်၊ ခံမြို့ဆောက်၏
ထိုနောက် တဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့် မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင် သဘော
မင့် သားချောကို
ပြောလိုက်ပါဘိ ဟောပါဘိ။ ။

ဇော်ဂျီ

လမ်းစဉ်သတင်း၊ အတွဲ ၂၊ အမှတ် ၁၄ (၁၅၊ ၇၊ ၁၉၆၆)

Tuesday, November 13, 2007

Love is...


Love is the presents in Christmas shops
Love is when you're feeling Top of the Pops
Love is what happens when the music stops
Love is

Love is white panties lying all forlorn
Love is a pink nightdress still slightly warm
Love is when you have to leave at dawn
Love is

Love is you and love is me
Love is a prison and love is free
Love's what's there when you're away from me
Love is ...
Adrian Henri

Osmar Binlar Than Shwe

We Don't Need Government



We don't need government
We need utilities.

Air, water, energy
Travel and communication means
Food and shelter.

We have no need for imaginary mountain ranges
Between separate nations.

We can make tunnels through the real ones.

Nor do we have any need for the continuing division of people
Into those who have what they need
And those who don't.

Both Fuller and Marshal McLuhan
Knew, furthermore
That work is now obsolete.
We have invented machines to do it for us.

Now that we have no need to do anything
What shall we do?

Looking at Fuller's geodesic world map
We see that the Earth is a single island, Oahu.
We must give all the people all they need to live
In any way they wish.

Our present laws protect the rich from the poor.

If there are to be laws, we need ones that
Begin with the acceptance of poverty as a way of life.

We must make the world safe for poverty
Without dependence on government."

John Cage

Monday, November 12, 2007


အခန်း

ညနေဟာ
ကျီးကန်းတွေနဲ့ပြည့်နေတယ်။

အာသာမပြေသေးတဲ့နေရောင်က
သူ့ရဲ့ကျော်ကြားတဲ့ရွှေရောင်နဲ့
သရက်ပင်ကြီးကိုပွေ့ဖက်လို့
ခွဲရအုန်းတော့မယ်ပေါ့လေ။

အခုနေ
မြေကြီးပေါ်လမ်းလျောက်ရရင်
ဘယ်လောက်အရသာရှိလိုက်မလဲ။

ဒီနေ့အဖို့
နောက်ဆုံးသော့ခလောက်ပိတ်သံက
ငါ့ကို အိတ်တလုံးထဲကောက်ထည့်ခဲ့။

သူသာအနားမှာရှိရင်
စိတ်ကိုဆူးစူးသွားပြီလို့
တိုးတိုးလေးပြောမိအုန်းမယ်။

ညနေဟာ
ကျီးကန်းတွေနဲ့ပြည့်နေတော့တယ်။

နှင်းခါးမိုး

အင်းစိန်ထောင်နှင့် ဘုန်းကြီးကျောင်းများ ပီညဲရိုး သွားရောက်စုံစမ်း
ကိုစိုး | နိုဝင်ဘာ ၁၂၊ ၂၀၀၇

မြန်မာနိုင်ငံသို့ ရောက်ရှိနေသော ကမ္ဘာ့ ကုလသမဂ္ဂ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာ ပေါ်လို ဆာဂျီယို ပီညဲရိုးသည် ယနေ့တွင် ပြီးခဲ့သည့် ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများကာလအတွင်း စစ်အစိုးရ စစ်တပ်က ၀င်ရောက် အကြမ်းဖက် စီနင်းခဲ့သော ဘုန်းကြီးကျောင်းတိုက်တချို့နှင့် အင်းစိန်အကျဉ်းထောင်သို့ သွားရောက်ကြောင်း သိရသည်။

ဓာတ်ပုံ - AFP

စက်တင်ဘာလအတွင်း၌ ငွေကြာရံ ကျောင်းတိုက်သို့ လက်မရွံ့စစ်သားများက ၀င်ရောက်စီးနင်းပြီး သံဃာ အပါး ၇၀ ခန့်ကို အကြမ်းဖက်ရိုက်နက်ဖမ်းဆီးခေါ်ဆောင်ကာ ကျောင်းတိုက်တွင်းရှိ ရွှေထည်ပစ္စည်းများကိုလည်း ခိုးယူသွားသည်ဟု ငွေကြာရံ ဆရာတော် ဦးရေ၀တက မစ္စတာ ပီညဲရိုးအား ယနေ့ ပြောကြားကြောင်း သံတမန်တဦးကို ကိုးကား၍ အေပီ သတင်းကဖော်ပြသည်။

မစ္စတာပီညဲရိုးသည် ပြည်ထဲရေးဝန်ကြီး၊ သာသနာရေး ၀န်ကြီးများနှင့် တွေ့ဆုံဆွေးနွေးကာ အကျဉ်းထောင်များသို့ သွားရောက်ခွင့်ရယူပြီး အင်းစိန်ထောင်သို့လည်း အချိန် ၂ နာရီခန့်ကြာသွားရောက်ခဲ့ကြောင်း၊ သို့သော်အသေးစိတ်ကိုမူ မသိရှိရကြောင်း သတင်းတွင် ရေးသားထားသည်။

မစ္စတာ ပီညဲရိုးလာရောက်မည်ဆို၍ နအဖစစ်အစိုးရက သတိနှင့်ကြိုတင်ပြင်ဆင်မှုများပြုလုပ်နေသည်ကိုသိရှိထားသော ကြောင့် ၎င်း၏ခရီးနှင့်ပတ်သက်ပြီး များစွာမျှော်လင့်မထားကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) အထွေထွေအတွင်းရေးမှူး ဦးတိတ်နိုင်က ပြောသည်။

“မစ္စတာ ပီညဲရိုးဟာ မြန်မာ့အရေးနဲ့ပတ်သက်ပြီး အတွေ့အကြုံအများကြီးရှိပါတယ်၊ စစ်အစိုးရ လိမ်နေတာတွေကိုလည်း သူသိပါတယ်”ဟု ဦးတိတ်နိုင်က ဧရာဝတီသို့ ပြောသည်။

လွန်ခဲ့သော စက်တင်ဘာလ ငြိမ်းချမ်းစွာ ဆန္ဒပြပွဲများအတွင်း အင်းစိန် အကျဉ်းထောင်၌ ဖမ်းဆီးထားသူများအား တခြား နေရာသို့ ပြောင်းရွှေ့ထားသည့် သတင်းများကိုကြားရသည်ဟုလည်း ၎င်းက ဆိုသည်။

မစ္စတာပီညဲရိုး အနေနှင့် လူ့အခွင့်အရေး ချိုးဖောက်ခံနေရသော စစ်တပ်မှ စီးနင်းခံရသည့်ဘုန်းကြီး ကျောင်းများ၊ အကျဉ်း ထောင်နှင့် ထိန်းသိမ်းရေး စခန်းများသို့ လွတ်လပ်စွာ သွားရောက်၍ ဖမ်းဆီးခံထားရသူများ နှင့် တွေ့ဆုံ သတင်းယူခွင့် အပါအ၀င် တိုက်တွန်းတောင်းဆိုထားသည့် အချက် ၄ ချက်ကို အေအေပီပီ က အောက်တိုဘာ ၂၄ ရက်တွင် ထုတ်ပြန် ထားသည်။

အထက်ပါ တောင်းဆိုချက်များမရရှိပါက မစ္စတာ ပီညဲရိုး၏ ခရီးစဉ်သည် နအဖ စစ်အစိုးရ၏ နိုင်ငံတကာ ဖိအားများ ဆက်မတိုးနိုင်စေရန်နှင့် လျော့ကျသွားစေရန် ကြိုးပမ်းမှုကို အထောက်အကူပြုသည့် ခရီးစဉ် ဖြစ်သွားမည်ဟုလည်း အေအေပီပီ ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းကလည်း လွန်ခဲ့သော ငြိမ်းချမ်းစွာဆန္ဒပြပွဲများကို စစ်တပ်က အကြမ်းဖက်သတ်ဖြတ်နှိမ်နင်းမှုနှင့်ပတ်သက်ပြီး မစ္စတာ ပီညဲရိုးအနေနှင့် စုံစမ်းဖော်ထုတ်နိုင်ရန် မျှော်လင့်ကြောင်း ပြောသည်။

“မစ္စတာ ပီညဲရိုးအနေနဲ့ အစိုးရပို့တဲ့နေရာတွေသာမကဘဲ တခြား မစ္စတာ ဂန်ဘာရီလာရှိနေတုန်း အကြမ်းဖက် စီနင်းခံရတဲ့ လှိုင်သာယာမြို့နယ်တို့လို နေရာမျိုးတွေကိုလည်းသွားရောက်သင့်ပါတယ်”ဟု ၈၈ မျိုးဆက်ကျောင်းသား အဖွဲ့က ကိုစိုးထွန်း ကလည်း ပြောဆိုသည်။

မစ္စတာပီညဲရိုးသည် ၎င်း၏ ၅ ရက် ခရီးစဉ်အဖြစ် ယမန်နေ့ နေ့လယ်ပိုင်းက မြန်မာနိုင်ငံ ရန်ကုန်မြို့သို့ ရောက်ရှိရာတွင် နိုင်ငံခြားရေးဝန်ကြီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာနတာဝန်ရှိသူများက ကြိုဆိုခဲ့ပြီး ပဲခူးမြို့ကြခတ်ဝိုင်း ဘုန်းကြီးကျောင်းသို့ သွားရောက်ခဲ့ကာ ရွှေတိဂုံဘုရား ဂေါပကအဖွဲ့နှင့်လည်းသွားရောက်တွေ့ဆုံခဲ့သည်ဟု သိရသည်။

“အကျိုးရှိမယ့် ခရီးလို့ ကျနော် မျှော်လင့်ပါတယ်၊ ၄ နှစ်ကြာပြီးနောက် အခု ဒီလို ပြန်လာခွင့်ရတာကိုလည်း ကျနော်
သိပ်ဝမ်းသာမိပါတယ်”ဟု ရန်ကုန်မြို့သို့ ရောက်ရှိပြီးနောက် မစ္စတာ ပီညဲရိုးက သတင်းထောက်များကို ပြောကြောင်း အေပီ က ဖော်ပြသည်။

မြန်မာနိုင်ငံသို့ မလာရောက်မီ မစ္စတာ ပီညဲရိုးက “မြန်မာအစိုးရက အပြည့်အ၀ ပူးပေါင်းဆောင်ရွက်မှုမရှိရင် ကျနော် လေယဉ်ပေါ်တက်ပြီး လှည့်ပြန်ဖို့ပဲရှိပါတယ်”ဟု လည်း ပြောခဲ့သေးသည်။

မစ္စတာ ပီညဲရိုးအား နိုဝင်ဘာ ၁၇ ရက်တွင် မြန်မာနိုင်ငံ၌ ပြုလုပ်မည်ဖြစ်သော အာဆီယံထိပ်သီး အစည်းအဝေး မတိုင်မီ လာရောက်ပါရန် မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးဥာဏ်ဝင်းက ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ထံသို့ စာရေးသား ပေးပို့၍အကြံပြုခဲ့ပြီးနောက် ယခုကဲ့သို့ နိုဝင်ဘာ ၁၁ ရက်မှ ၁၅ ရက်နေ့အထိ မြန်မာနိုင်ငံ ခရီးစဉ်ကိုသတ်မှတ်လိုက်ခြင်း ဖြစ်သည်။

၂၀၀၃ ခုနှစ်က မစ္စတာ ပီညဲရိုး မြန်မာနိုင်ငံသို့ သွားရောက်ရာတွင် အကျဉ်းထောင်တွင်း၌ အကျဉ်းသားတဦးနှင့် အင်တာဗျူး နေစဉ် အာဏာပိုင်များက အသံဖမ်းစက်နှင့် ခိုးဖမ်းခြင်းခံခဲ့ရသည်။ ထိုအချိန်မှ စတင်၍ စစ်အစိုးရက မစ္စတာ ပီညဲရိုးကို မြန်မာနိုင်ငံသို့ ပြည်ဝင်ခွင့် ဗီဇာ ပိတ်ပင်ခဲ့သည်မှာ ၄ နှစ်ရှိခဲ့ပြီဖြစ်သည်။

ကိုစိုး | နိုဝင်ဘာ ၁၂၊ ၂၀၀၇

Statement by Mr. Gambari on behalf of Daw Aung San Suu Kyi





As you know, I have just completed a mission to Myanmar from 3 to 8 November, where I met today with Daw Aung San Suu Kyi. In my capacity as Special Adviser to the Secretary-General for Myanmar, I was authorized by Daw Aung San Suu Kyi to make the following statement on her behalf:

• I wish to thank all those who have stood by my side all this time, both inside and outside my country. I am also grateful to the Secretary-General of the United Nations, Mr. Ban Ki-moon, for his unwavering support for the cause of national reconciliation, democracy and human rights in my country.

• I welcome the appointment on 8 October of Minister Aung Kyi as Minister for Relations. Our first meeting on 25 October was constructive and I look forward to further regular discussions. I expect that this phase of preliminary consultations will conclude soon so that a meaningful and timebound dialogue with the SPDC leadership can start as early as possible.

• In the interest of the nation, I stand ready to cooperate with the Government in order to make this process of dialogue a success and welcome the necessary good offices role of the United Nations to help facilitate our efforts in this regard.

• In full awareness of the essential role of political parties in democratic societies, in deep appreciation of the sacrifices of the members of my party and in my position as General Secretary, I will be guided by the policies and wishes of the National League for Democracy. However, in this time of vital need for democratic solidarity and national unity, it is my duty to give constant and serious considerations to the interests and opinions of as broad a range of political organizations and forces as possible, in particular those of our ethnic nationality races.

• To that end, I am committed to pursue the path of dialogue constructively and invite the Government and all relevant parties to join me in this spirit.

• I believe that stability, prosperity and democracy for my country, living at peace with itself and with full respect for human rights, offers the best prospect for my country to fully contribute to the development and stability of the region in close partnership with its neighbours and fellow ASEAN members, and to play a positive role as a respected member of the international community. I am now scheduled to return to New York to brief the Secretary-General on all the aspects of my mission. I will therefore not be able to take any questions at this time.

Sunday, November 11, 2007



ရှစ်လေးလုံး
တိုင်းတပါးကျွန်
စစ်တပ်ကျွန်
ဘယ်ကျွန်မှမခံ
ဒေါင်းအလံဟေ့
ကျောင်းနံရံတ၀ိုက်
ဒေါင်းအလံပြန်စိုက်မယ်။
မင်းကိုနိုင

ာဂနာ (သို့မဟုတ်) လူထုနှလုံးသည်းပွတ်နှင့် ရင်ခုန်သူ

မင်းဟန်
(ဆောင်းပါး-ခေတ်ပြိုင်)
ကိုသူရ မိခင်၏ဇာတိက မွန်ပြည်နယ် ဘီးလင်းမြို့နယ် တောင်စွန်းကဖြစ်သည်။ အထက်တန်း ကျောင်းသား မောင်သူရ ဒီဇင်ဘာ ကျောင်းပိတ်ရက်အတွင်း မိခင်ဇာတိ တောင်စွန်းသို့ အလည်ရောက်၍ နေသည်။ ဆွေမျိုးများ နှင့်တရုန်းရုန်း။ ကေလာသတောင်သို့ တက်သည်။ ကျိုက်ထီးဆောင်း ဘုရားသို့ သွား၏။ ဆွေမျိုးညီအစ်ကို မောင် နှမများနှင့်။ ရန်ကုန်သား မောင်သူရ ကျေးလက်တွင် ပျော်နေ၏။ ထိုစဉ် တောင်စွန်းသို့ အငြိမ့်ပွဲဝင်၏။ အငြိမ့်က မော်လမြိုင်အငြိမ့်။ ဗလာပွဲပင်။ စင်ထိုးသည်နှင့် မောင်သူရ အငြိမ်မနေနိုင်တော့ စင်ပေါ်တက်ချင်နေ၏။ ဆွေမျိုး များက မြှောက်ပေးကြ၏။ အငြိမ့်မှ လူရွှင်တော်ကြီးများနှင့် ရင်းနှီးအောင် ကြိုးစားပေးကြ၏။ မြို့ခံများက ဧည့်ခံ ရင်း လူရွှင်တော်ကြီးများနှင့်ရင်းနှီးသွားကြသည်။ လူရွှင်တော်ကြီးနှစ်ယောက်က မောင်သူရအား ပျက်လုံးတွေ တိုက်ပေး၏။ သင်ပေး၏။ မောင်သူရက ခြေတကြွကြွ။ ဆွေမျိုးများကလည်း အားပါးတရ။
ညရောက်ပြီ။ အငြိမ့်ထွက်ပြီ။ (၁၅) နှစ်သား မောင်သူရလည်း လူရွှင်တော်အ၀တ်အစားများနှင့် စင်ပေါ်မှာ။ ညနေ က လူရွှင်တော်ကြီးများ တိုက်ပေးထားသည့် ပျက်လုံးများကို ပျက်ရန်အသင့်။ စင်ပေါ်ရောက်တော့ ညနေက ပျက် လုံးများ သင်ပေးခဲ့သည့် လူရွှင်တော်ကြီး နှစ်ယောက်က လူရွှင်တော်လေး မောင်သူရအား လှည့်၍ပင် မကြည့်။ သူတို့နှစ်ဦးပင် ပျက်လုံးများအား ရေပက်မ၀င် ပျက်၍နေကြ၏။ ပရိတ်သတ်က တ၀ါးဝါး တဟားဟား။ လူရွှင် တော်လေး မောင်သူရ ငေါင်၍ နေသည်။ ဘယ်အချိန် သူဝင်ပျက်ရပါ့မလဲ။ တွေး၍ ကြည့်၏။ ငေး၍ ကြည့်၏။
ဤသို့နှင့် ဇာတ်စင်ပေါ်၌ တောကြည့်တောင်ကြည့် ဖြစ်၍လာသည်။ ပရိသတ်အား ကြည့်ရင်း အားငယ်လာသည်။ လူရွှင်တော်ကြီး နှစ်ယောက်ကတော့ မှင်မောင်းအပြည့်နှင့် ပျက်၍ ကောင်းဆဲ။ တဖြည်းဖြည်းနှင့် လူရွှင်တော် လေး မောင်သူရ ဇာတ်စင်ပေါ်၌ နေရင်း ရင်ထဲ၌ မျက်ရည်တွေ ပြည့်လာ၏။ အငြိမ့်စင် တိုင်အကွယ်သို့ မသိမ သာခိုဝင်ရင်း တိုးဝင်ရင်းနှင့်။ ပရိသတ်အား မျက်နှာမပြ၀ံ့ တော့။ နှင်းမှုန်များအောက်၌ မောင်သူရ ချွေးများးစို၍ နေခဲ့ရ၏။
ထိုစဉ်က ဇာဂနာဟူ၍ မဖြစ်သေး။ “ကျနော့် ဘ၀မှာ ဘယ်လိုမှ မမေ့နိုင်ခဲ့သလို သင်ခန်းစာ အကြီးကြီးရခဲ့တဲ့ အ ချိန်တခုပါပဲ။ ကိုယ့်မှာ ကျည်ဆန်မရှိလို့ဆိုပြီး သူများပစ်တာ ခံခဲ့ရတာပါ။ သည့်အတွက်ကြောင့်လည်း ကျနော်ဝမ်း စာပြည့်အောင် ကြိုးစားခဲ့ရသလို နေရာရအောင် ကြိုးစားခဲ့ရပါတယ်” ( ရတီ -၂၀၀၆ ခုနှစ် မတ်လ - စာမျက်နှာ ၁၇၄ မှ ) “ဇာဂနာ”
(ခ)
ကိုသူရ သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားဘ၀တွင် ကျောင်းအတွင်း ကပွဲများ၌ အငြိမ့်ကဖြစ်လာ ၏။ ဆဌမအကြိမ် သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ်၏ ဘွဲနှင်းသဘင် အခမ်းအနား၌ အငြိမ့်ပွဲပါ၏။ ကိုသူရတို့၏ အငြိမ့်။ “ပုလဲသွယ်အငြိမ့်” ဟူ၍ အမည်ပေးသည်။ အခြား ကျောင်းသားများနှင့်အတူ ကိုသူရလည်း လူရွှင်တော် လုပ်သည်။ ပုလဲသွယ်အငြိမ့်တွင် လူရွှင်တော် လေးယောက်ရှိ၏။ မိုလာ၊ စကေလာ၊ တင်ချာနှင့် ဇာဂနာဟူ၍ အမည်ပေးကြ၏။ အားလုံး သွားဘက်ဆိုင်ရာ ဆေးတက္ကသိုလ် ကျောင်းသားများနှင့် ရင်းနှီးသည့် အသုံးအဆောင် အမည်များ။ ဤတွင် ကိုသူရမှ ဇာဂနာဖြစ်လာခဲ့၏။ (ကို) ဇာဂနာ၏ အနုပညာဖြေဖျော်မှုက သစ်ပုပ်ပင်
နှင့် အင်းယားကမ်းစပ်၌ပင် ရပ်၍မနေ။ ပြည်သူလူထုအတွင်းသို့ တိုး၍စီးဝင်ရန် ကြိုးစား၏။ ရန်ကုန်တက္ကသိုလ် (လှိုင်)မှ အနုပညာရှင်များနှင့် ပေါင်းပြီး ရန်ကုန်မြို့တော်ခန်းမတွင် ဖျော်ဖြေခဲ့ကြ၏။ ဂီတဘက်မှ ကိုင်ဇာ၊ ဗထူး ချစ်၊ မောင်မောင်ချန်တို့နှင့် တွဲမိလာခဲ့၏။
(ဂ)
ရန်ကုန်မြို့တော်ခန်းမရှေ့ စင်တင်ဖျော်ဖြေပွဲ ပြီးသည့်နောက် (ကို)ဇာဂနာ စဉ်းစားသည်။ ကံ့ကော်တောအား ကျော်ခဲ့ပြီ။ လူထုကြီးအတွင်း များများနဲ့မြန်မြန် ပျံ့နှံ့နိုင်အောင် အနုပညာကို ဘယ်လိုဖြန့်မလဲ။ အငြိမ့်စင်ပေါ် တက်ကပါက တပွဲကြည့်မှ ပရိသတ်က ငါးထောင်၊ တသောင်း။ နည်းသည်။ အားမရ။ (ကို)ဇာဂနာ စဉ်းစား၏။ ကြားခံမီဒီယာ အသုံးပြုရမည်။ အများဆုံးနှင့် အမြန်ဆုံး ပျံ့နှံ့နိုင်သည်က ရုပ်မြင်သံကြား။ TV ပရိသတ်က သန်းဂ ဏန်းအထိရှိသည်။ တနိုင်ငံလုံး တနံတလျား။ ချက်ချင်းပျံ့နှံ့မည်။ ဤတွင် မြန်မာ့ရုပ်မြင်သံကြား အစီအစဉ် တွင် ဖျော်ဖြေအငြိမ့် ကပြနိုင်ရေးအတွက် (ကို)ဇာဂနာ လုံးပမ်း၏။
၁၉၈၄ ခုနှစ်။ လွတ်လပ်ရေးနေ့ ဂုဏ်ပြုအငြိမ့်အား မြန်မာ့ရုပ်မြင်သံကြားတွင် ဖျော်ဖြေနိုင်ရေးအတွက် (ကို)ဇာဂ နာ ကြိုးစား၏။ ထိုစဉ်က “မိုးနတ်သူဇာအငြိမ့်” အား ထူထောင်ပြီးဖြစ်သည်။ မင်းသမီးက (မ)သီတာဝင်း။ လူရွှင် တော်များက တတ်တူ၊ စုတ်ချွန်း၊ ပိန်ပိန်နှင့် ဇာဂနာ တို့ဖြစ်သည်။ ရုပ်မြင်သံကြား ဂုဏ်ပြုအစီအစဉ်တွင် (ကို) ဇာ ဂနာက သမိုင်းရေးရာ နောက်ခံထားသော အငြိမ့်ခန်းအား လုပ်ချင်၏။ (ကို)ဇာဂနာ အချိန်ပေး၍ လုပ်ခဲ့ရသည်။ ရှေ့မီ အနုပညာသည်ကြီးများနှင့် တွေ့၏။ မေး၏။ မှင်တက်ခဲ့ရ၏။ အမေ (ဒေါ်)အောင်ကြည်၊ ဆရာကြီး ဦးခင် မောင်လတ်၊ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ ဂီတလုလင်မောင်ကိုကို၊ (ဒေါ်)ထား၊ မြန်မာ့အသံ ဦးသစ္စာတို့က (ကို)ဇာ ဂနာအား ကူညီပေးကြ၏။ လမ်းညွှန်ပေးခဲ့ကြ၏။ ဤသို့နှင့် သမိုင်းအချက်အလက်များအား (ကို)ဇာဂနာ မှတ်သား ရှာဖွေခဲ့ရ၏။ ၁၉၄၇ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့တွင် မြန်မာနိုင်ငံရုပ်ရှင်နှင့် ပြဇာတ်ဌာနအား ဆရာကြီး ဦးဥာဏ ခေါင်းဆောင်၍ ဖွဲ့စည်းခဲ့၏။ ပြဇာတ်ဌာန၏ ဌာနမှူးက ဒဂုံဆရာတင် ။ ဆရာရန်နိုင်စိန်က ထိုဌာန၏ ၀န်ထမ်းတ ဦး။
၁၉၄၈ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့ လွတ်လပ်ရေးရလျှင် မြန်မာ့အသံမှ ထုတ်လွှင့်ရန် လွတ်လပ်ရေးသီချင်း တ ပုဒ်လိုသည်။ ရှိပြီးသီချင်းက ဆရာရွှေတိုင်ညွန့် ရေးသည့် ဂျပန် ခေတ်ရွှေရည်စိမ် လွတ်လပ်ရေး ပေးတုန်းက သုံး ခဲ့သည့် သီချင်းဖြစ်သည်။ မသုံးချင်။ သို့နှင့် သီချင်းသစ်အား ရွေးကြ၏။ ဆရာကြီးဦးဥာဏက စာသားရေးပြီး ဆရာရန်နိုင်စိန်က အသံထည့်၏။ ဤသို့နှင့် လွတ်လပ်ရေးသီချင်းသစ် တပုဒ်ရလာ၏။ ဤသီချင်းအား ၁၉၄၈ ခုနှစ် ဇန်န၀ါရီလ (၄)ရက်နေ့ မနက် (၄)နာရီ (၂၀)မိနစ်တွင် မြန်မာ့အသံမှ လွတ်လပ်ရေး ကြေညာပြီးသည်နှင့် ထုတ်လွှင့်ခဲ့၏။
ဤသီချင်းအား (ကို)ဇာဂနာက ၁၉၈၄ခုနှစ် လွတ်လပ်ရေးနေ့ မြန်မာ့ရုပ်မြင်သံကြား ဂုဏ်ပြုအစီအစဉ် ဖြေဖျော် ခန်းတွင် “မိုးနတ်သူဇာ အငြိမ့်” ၏ အဖွင့်သီချင်းအဖြစ် ပြန်၍ ဖော်ထုတ်ခဲ့၏။
“… ဗမာဟေ့ ဗမာ ကမ္ဘာရှေ့မှာ ဗမာဟေ့လို့ ကြွားဝင့်စရာ တို့အဆင့်အတန်းနဲ့ လျှမ်းတင့် ဝေဆာပြီ ဒါတို့ပြည် ဒါတို့မြေ ဒါတို့ပြည် အဖိုးမဖြတ်တဲ့ လွတ်လပ်ရေးနဲ့ အေးချမ်းသာယာစည် တိုင်းရင်းသား လူမျိုးတိုင်းသည် အခွင့် အရေးညီညီ တကယ်လွတ်လပ်ပါပြီ” (ရတီ-၂၀၀၅ ခုနှစ် အောက်တိုဘာလထုတ် ၊ စာမျက်နှာ ၁၇၃ မှ)
(ဃ)
ဇာဂနာနှင့် မိုးနတ်သူဇာက ခွဲ၍မရတော့။ တွဲ၍သာ မြင်နေကြရသည်။ ဇာဂနာ၏ ပျက်လုံးများက လူထုကြားမှ လာသည့် ပျက်လုံးများဖြစ်၍ လူထုနှင့်ထိမိ၏။ ခေတ်ကြီးက သရော်စာများနှင့် ပြည့်နေ၍ ဇာဂနာ၏ ပျက်လုံးများ က ခေတ်နှင့်ညီ၍ နေသည်။ မြန်မာ့ရုပ်မြင်သံကြားတွင် ဖျော်ဖြေရသလို နိုင်ငံအနှံ့ မြို့ကြီးများတွင်လည်း စင်တင် ၍ ဖျော်ဖြေကြရသည်။ ဇာဂနာက မိုးနတ်သူဇာအား ဤမျှနှင့် အားမရ။ ရပ်မနေချင်။ အငြိမ့်သဘင်အား ပြောင်းလဲ ချင်၏။ ဤတွင် မိုးနတ်သူဇာမှ စလိုသည်။
ထိုင်မသိမ်းတွေဝတ်၊ ဆံထုံးကြီးတွေထုံးပြီး အငြိမ့်မင်းသမီးတွေ ကနေတာကြာပြီ။ ရိုးလောက်ပြီ။ ကိုရီးယားမှာလို၊ ဗီယက်နမ်မှာလို ယပ်တောင်ယိမ်းတွေ၊ လယ်သမားယိမ်းတွေလိုမျိုးနှင့် အငြိမ့်ကို တင်ဆက်ချင်သည်။
ကောက်စိုက်သမ သီချင်း။ အငြိမ့်မင်းသမီးနှင့်အဖွဲ့က ကောက်စိုက်သမ၀တ်စုံနဲ့ လယ်ကွင်းထဲတွင် ကောက်စိုက် ရင်း သီချင်းဆိုမည်။ ပြီးလျှင် အကအပိုဒ်ပြောင်း။ ဒီတော့ မင်းသမီးဝတ်စုံ နှင့်ပြန်ကမည်။ တင်ဆက်ပုံပြောင်းမည်။ အကြောင်းအရာက လူထုဘ၀သို့ ၀င်မည်။
ညဘက် အပျိုမလေးတွေအနား ကာလသားလူပျိုတွေ လူပျိုလှည့်မည်။ လသာသာတွင်။ ကောင်မလေးတွေက ဗိုင်းငင်ချင် ငင်နေကြမည်။ လူပျိုကာလသားတွေက အနားတွင် စကားထာဝှက်မည်။ ကျေးလက်ကို ဖော်မည်။ သီ ချင်းက ကျေးလက်သီချင်း။ ပြီးလျှင်တော့ အငြိမ့်မင်းသမီးက အကစွမ်းရည်ပြဖို့ အတွက်ကတော့ စင်ပေါ်တက်ပြီး ကစေမည်။ ဤတွင်လည်း မင်းသမီး၏ အကကို တယောက်တည်း ကနေသည်ထက် ပို၍ “ကြွ”စေရန် အားဖြည့်မှု အဖြစ် ဟာမိုနီယိမ်းအဖွဲ့ကို ထည့်မည်။ မင်းသမီးနှင့် ယိမ်းအဖွဲ့၏ အကသည် ဆန့်ကျင်ဘက်ဆန်မည် ဆိုသော် ကြည့်သူ အမြင်တွင်မူ လိုက်ဖက်မှု ရှိနေရမည်။ ဤသို့ မိုးနတ်သူဇာတွင်စ၍ အငြိမ့်ရှုတင် အားပြောင်းချင်၏။ ပြောင်းလဲလိုသော ဇာဂနာနှင့် ရှေးရိုးစွဲတို့အကြား ပြဿနာဖြစ်၏။ ပဋိပက္ခသည် ကြီး၍လာသည်။ နောက်ဆုံး မိုး နတ်သူဇာ ကွဲခဲ့၏။ မင်းသမီး (မ)သီတာဝင်း ဦးဆောင်သည့် မိုးနတ်သူဇာနှင့် (ကို)ဇာဂနာ အသစ်ထူထောင်သည့် မြပုဏ္ဏာမာအငြိမ့် ဟူ၍။
မြပုဏ္ဏာမာတွင် (ကို)ဇာဂနာနှင့် တွဲဖက်အညီဆုံးက “အရိုင်း” ဖြစ်သည်။ ပြုပြင်ပြောင်းလဲလိုသော တင်ဆက်မှု အသစ်များနှင့် မြပုဏ္ဏာမာအား စခဲ့ကြ၏။ မြန်မာ့ရုပ်မြင်သံကြားမှ “အမှတ်တရ ရတနာပုံ” အစီအစဉ်တွင် မြပု ဏ္ဏာမာ၏ “ရှေးအငြိမ့်၊ အမျိုးသားအငြိမ့်” အစီအစဉ်တို့အား တင်ဆက်ဖျော်ဖြေခဲ့၏။ (ကို)ဇာဂနာ၏ “နေကောင်း သွားမှာပါ” ၊ “ အားလည်း နာတယ်၊ ခင်လည်း ခင်တယ်” ၊ “သနားတယ်” ၊ “သိနေတယ်လေ” ။ ပျက်လုံးများက လူထုစကား ဖြစ်၍လာသည်။
လူရွှင်တော်များနှင့် ပျက်လုံးများမှာမူ ပြောစရာမရှိ။ “အား” ကောင်းသည်ဟု ဆိုရမည်။ မြပုဏ္ဏာမာ၏ အငြိမ့်ခန်း အဖွင့်အား ပရိသတ် စိတ်ဝင်စားရန် (ကို)ဇာဂနာတို့ ပြင်ကြရပြန်သည်။ မင်းသမီး၏ အကအား ပရိသတ်က တ ခုတ်တရ ထိုင်ပြီး ကြည့်ရှုချင်စေရန် မြပုဏ္ဏာမာ၏ အငြိမ့်အဖွင့်တေးထပ်အား အမျိုးသားနေ့ ဂုဏ်ပြုတေးထပ်နှင့် စသည်။ ရုပ်ရှင်မင်းသားကြီး (ဦး)၀င်းဦးက ရေးပေး၏။
“….. မျိုးမြန်မာ စံပမာပြုသိရန်ဆို ကနက်၏သဏ္ဍန် သီဟာကြငှာန်း ရွှေနန်းရွှေထီး ပြည်ကြီး ဟန်ထည် စည်တီး သံကြွယ် တခေတ်တချိန်ကလျှမ်း...” (ရတီ-၂၀၀၆ခုနှစ် ဖေဖော်ဝါရီလထုတ် စာမျက်နှာ -၁၈၁ မှ)
(င)
၁၉၈၈ ခုနှစ် “၈”လေးလုံး အရေးတော်ပုံကြီး အတွင်း၌ (ကို)ဇာဂနာသည် အနုပညာရှင် တဦးအနေနှင့် ဒီမိုကရေ စီအရေး တိုက်ပွဲတွင် တက်တက်ကြွကြွ ပါဝင်ခဲ့၏။ ရန်ကုန်မြို့ရှိ လူထုတရားပွဲများတွင် (ကို)ဇာဂနာက အုပ်စိုးသူ အာဏာရှင်များအား သရော်သည့် ပျက်လုံးများက ထိမိလှ၏။
မကြာ။ ၁၉၈၈ခုနှစ် အောက်တိုဘာလ (၂)ရက်နေ့တွင် အာဏာသိမ်းစစ်အုပ်စုက (ကို)ဇာဂနာအား ရန်ကုန်မြို့ ဘားလမ်းရှိ စံပယ်ဦးစာပေတိုက် အတွင်းမှာပင် ၀င်ရောက်၍ ဖမ်းဆီးခဲ့၏။ အငြိမ့်စင် မီးရောင်အောက်မှ နံရံလေး ဘက်အကြား အမှောင်တိုက်အတွင်းသို့ (ကို)ဇာဂနာ ရောက်သွားခဲ့တော့၏။ သို့သော် (ကို)ဇာဂနာ၏ ပျက်လုံး များကမူ လူထုအကြား၌ ပျံ့နှံ့၍နေ၏။ စစ်အုပ်စုမှ သေနတ်ပြ၍ (ကို)ဇာဂနာ၏ ပျက်လုံးများအား ဖမ်းဆီး၍မရ။
(စ)
“အင်းစိန်”မှ ပြန်လာခဲ့ပြီးနောက် (ကို)ဇာဂနာ အငြိမ့်စင်ပေါ်သို့ တတ်ခွင့်မရတော့။ အာဏာရှင်တို့သည် (ကို)ဇာဂ နာ၏ ပျက်လုံးများအား ဒီဝီဇံတပ်မကြီးတခု၏ ကျည်ပစ်အားထက် ကြောက်လန့်ဟန်တူ၏။ (ကို)ဇာဂနာအား အ ငြိမ့်ကခွင့် လုံးဝခွင့်မပြုတော့။
(၁၉)နှစ်လုံးလုံး (ကို)ဇာဂနာ အငြိမ့်ကခွင့်မရ၊ ပျက်လုံးထုတ်ခွင့်မရ။ ကန့်လန့်ကာ။ မီးရောင်အောက်၌ ဖျော်ဖြေ ကပြခွင့်မရသည့် (ကို)ဇာဂနာ။ ဘာလုပ်မည်နည်း။ သူ၏ အနုပညာက “ရပ်” ၍ မနေ။ “အ”၍ မသွား။ လူထုထံသို့ စီးဝင်ရန် ကြိုးစားဆဲ။ (ကို)ဇာဂနာသည် ကန့်လန့်ကာ မီးရောင်အောက်မှနေ၍ ပိတ်ကားဖလင်ကြားနှင့် ဖန်သား ပြင်သို့ ကူးပြောင်းရန် သူ့၏အနုပညာအား လူထုထံသို့ စိမ့်ဝင်စီးဆင်းစေပြန်၏။
ဤတွင် ဟာသသရုပ်ဆောင် (ကို)ဇာဂနာ ဒါရိုက်တာ မောင်သူရဟူ၍ ဖြစ်လာခဲ့ပြန်၏။ အငြိမ့်စင်တွင် ကိုယ်တိုင် မီးရောင်အောက်သို့ မ၀င်နိုင်သော်လည်း ကန့်လန့်ကာ နောက်ကွယ်မှနေ၍ ၀ါယမ စိုက်ပြန်သည်။ ကင်းကောင်၊ ဂေါ်ဇီလာ၊ ညောင်ညောင်၊ ထင်ပေါ်၊ ဒိန်းဒေါင်၊ အာနိုး၊ ထိန်ထိန်၊ စုတ်ဖွား၊ ချက်စူးတို့အား (ကို)ဇာဂနာက မီး ရောင်အောက်သို့ ရောက်အောင်ပို့ပေး၏။
အငြိမ့်စင်ပေါ်သို့ တတ်ခွင့်မရသည့် (ကို)ဇာဂနာသည် ဖန်သားပြင်မှတဆင့် “ မိုးအငြိမ့်”ဟူ၍ VCD နှင့် လူထုအား ဖျော်ဖြေပြန်၏။ အောင်မြင်၏။ လူထုမှ အားပေး၏။ ထို့နောက် ရာဇာနေ၀င်းနှင့် “ရာဇာကြီး နှစ်ပါးခွင်” အား ဒါ ရိုက်တာ မောင်သူရမှ ရိုက်၏။ အငြိမ့်စင်မြင့်မှ လုပ်ချင်သည်များအား လုပ်ခွင့်မရခင် (ကို)ဇာဂနာမှ လုပ်နေခြင်း ဖြစ်၏။ သြခက်စတြာနှင့် နှစ်ပါးက၏။ မြေ၀ိုင်းအကလည်း ပါ၏။
အငြိမ့်စင်မြင့်မှစ၍ ပရိသတ်သိခဲ့ရသော (ကို)ဇာဂနာသည် (၁၉)နှစ်လုံးလုံး အငြိမ့်ကခွင့် မရခဲ့။ သို့သော် လူထုပရိ သတ်ကမူ လူရွှင်တော် ဇာဂနာအဖြစ် သူတို့၏ နှလုံးသည်းပွတ်၌ စွဲမြဲစွာ ထင်နေဆဲ။ အငြိမ့်ကပြခွင့် မရသည့် နောက် ရုပ်ရှင်နှင့် ဗွီဒီယိုတို့တွင် သရုပ်ဆောင်သည်။ ဟာသသရုပ်ဆောင် (ကို)ဇာဂနာအဖြစ် လူထုပရိသတ်က လက်ခံအားပေးကြ၏။ တဖန် ရုပ်ရှင်၊ ဗွီဒီယိုဇာတ်ကားများရိုက်၏။ ဒါရိုက်တာ မောင်သူရအဖြစ်နှင့်။ ဒါရိုက်တာ
မောင်သူရ ရိုက်ကူးသည့် ဇာတ်ကားများက မဲပြာပုဆိုးကားများ မဟုတ်။ တွေးစရာပါ၏။ စဉ်းစားရန်ပါ၏။ နိမိတ်ပုံ များ သုံး၏။ သင်္ကေတများ ပါ၏။ ထူးသည်ဟု ဆိုရမည့်ကားများ။
(ဆ)
လွန်ခဲ့သည့် (၂)နှစ်လောက်က ကြည့်ခဲ့ရသည့် VCD ဇာတ်ကားအား ပြန်၍သတိရမိသည်။ ဒါရိုက်တာက မောင် သူရ။ မင်းသမီး တယောက်မှ မပါ။ မင်းသားဟု ပြော၍ရမည်က လူမင်း။ အဓိက ဇာတ်ကောင်များက (ကို)ဇာဂ နာနှင့် (ကို)ကျော်သူတို့ နှစ်ယောက်။ ဇာတ်ရံများ ပါသည်။ အားလုံး လူရွှင်တော်များပင်။ ညောင်ညောင် တ ယောက်ကိုတော့ မှတ်မိနေ၏။ (ကို)ကျော်သူနှင့် (ကို)ဇာဂနာ တို့နှစ်ယောက် ငွေကြေးပြည့်စုံသည့် လုပ်ငန်းရှင် ကြီးများ။ သူတို့နှစ်ယောက် အလောင်းအစား ပြုလုပ်ကြ၏။ အခြေခံမရှိသော သူတယောက်အား ငွေကြေးများ ပုံ ပေးလိုက်လျှင် ဘာဖြစ်သွားမလဲ။ အလုံးစုံပျက်စီးခြင်းသို့ ဆိုက်သွားမည်လား။ ဒါမှမဟုတ် ...။ လောင်းကြေးက ကော်ဖီခါးခါး တခွက်ကြေး။ ဤတွင် ဒါရိုက်တာ မောင်သူရ ရိုက်ပြ၏။ လူမင်းက ရန်ကုန်ဆင်ခြေဖုံး ကျူးကျော် ရပ်ကွက်တွင် နေသည်။ ပထွေးက အရက်သမား၊ အမေက ပထွေးကို ကြောက်ရသည်။ ပထွေးက မင်းသားကြီး (ဦး)အောင်လွင်။ လူမင်းက မြို့တွင်းရှိ ဆောက်လုပ်ရေး လုပ်ငန်းတခုတွင် လုပ်သည့် အလုပ်ကြမ်းသမား။ ပထွေး နှင့် ကြီးခဲ့ရသည့် လူငယ်တဦး။ ပညာမသင်ခဲ့ရ။ လောကနီတိ မသိ။ လုပ်ခထဲမှ ပထွေးအား အရက်ဖိုးပေးရသည်။ ဤဇာတ်ကောင် လူမင်းအား (ကို)ကျော်သူနှင့် (ကို)ဇာဂနာက ငွေကျပ်ဆယ်သိန်း ခေါ်ပေးပြီး သူဘာဖြစ်မည်ကို အလောင်းအစားလုပ်ကြ၏။ မကြာ ငွေဆယ်သိန်းအား မစီမံတတ်၍ လူမင်း အလုံးစုံ ပျက်သုဉ်းခြင်းသို့ ဆိုက်သွား ၏။ မိခင်သေ၏။ ဘ၀ပျက်၏။
ဤတွင် (ကို)ကျော်သူနှင့် (ကို)ဇာဂနာတို့၏ ဒိုင်ယာလော့များနှင့် ဇာတ်လမ်းအားပို့၏။ အာဏာ၊ လုပ်ပိုင်ခွင့်၊ ငွေ ကြေးဓနတို့ကား ကောင်းမွန်စွာ စီမံခန့်ခွဲမှု မပြုလုပ်နိုင်ပဲ ပိုင်ဆိုင်နေပါက မိမိနှင့် မိမိပတ်ဝန်းကျင်ကိုပါ အလုံးစုံ ပျက်သုဉ်းခြင်းသို့ ဆိုက်ရောက်စေကြောင်း။ ပြီးပြီ။
သို့သော် ကျနော်က ဒါရိုက်တာ မောင်သူရရိုက်ပြသည့် “နိမိတ်ပုံ” များအား ရှာနေမိသည်။ လူမင်းအား လူမင်းအ ဖြစ် မမြင်တော့။
(ကို)ဇာဂနာက အနုပညာတွင် အဘက်ဘက်မှ အောင်မြင်သည်ဟု ဆိုရမည်။ ဘာကြောင့်နည်း။ (ကို)ဇာဂနာက သူ၏အနုပညာအား သူ၏နှလုံးသားနှင့် ဖန်တီး၏။ သူ့နှလုံးသွေးက လူထု၏ နှလုံးသွေးနှင့် ဆက်၍ စီးမျှောနေ သည်။ လူထုရင်ခုန်လျှင် (ကို)ဇာဂနာ ရင်ခုန်၏။ လူထု ရယ်ရွှင်လျှင် (ကို)ဇာဂနာ ရယ်ရွှင်၏။ လူထုတိုက်ပွဲဝင် လျှင် ထိုတိုက်ပွဲ၌ (ကို)ဇာဂနာရှိ၏။ ထို့ကြောင့် (ကို)ဇာဂနာ၏ အနုပညာက လူထု၏ အနုပညာ။ လူထုနှလုံး သည်းပွတ်မှ လာသည့် အနုပညာ…။
(ပြည်သူ့အနုပညာရှင်များအား ဂုဏ်ပြုပါသည်)

ထောင်ဝင်စာ
အောင်ဝေး (ခေတ္တ ပုန်းခိုကျင်းတနေရာ)

မောင်ရေ …
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

ကောင်းကင်တနန်း
ကျောင်းသင်္ခမ်းမှာ
ဒေါင်းအဆင်ဆန်းတွေနဲ့
ပ၀ါအလံ ထူရမယ်။

တုတ်ရရ၊ ခဲရရ
လှံရရ၊ ဓားရရ
ရသမျှနဲ့
တရားမမျှတတဲ့
နအဖကို
ထထကြွကြွ
‘ချဟ … ချဟ’ လို့
ရှုတ်ချကြ ဖြုတ်ချရမယ်။

မောင်ရေ …
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

အတိတ်ပုံလွှာ
ရာဇ၀င်မှာ
‘အင်္ဂလိပ်အခက်၊ ဗမာ့အချက်’ တဲ့
နိမိတ်ကြုံလာ
မကြာခင်ဟာ
နအဖအခက် ပြည်သူ့အချက် ပေါ့
သပိတ်အစုံမှာ
သူပုန်ထရမယ်။

မောင်ရေ …
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

သံဃာတွေ၊ ကျောင်းသားတွေ
ပြည်သူတွေကို
ငပေငတေစိတ်နဲ့
မသေတသေ ပိတ်ပြီး
အသေအကျေ နှိပ်တဲ့
ကလေကချေ ပလိပ် သန်းရွှေ
အသံလွင့်သွားအောင်
အထွေထွေ သပိတ်စခန်းတွေ
အမြန်ဖွင့်ထားရမယ်။

မောင်ရေ …
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

ဒဏ်ရာစိုစို
ခန္ဓာကိုယ်မှာ
ညိုပုပ်ရောင်ရမ်းပစေ
မငိုမလှုပ်
မပြိုမဆုတ်နဲ့
ဗိုလ်ချုပ်အောင်ဆန်းတွေ မွေးရမယ်။

မောင်ရေ …
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

စစ်ကျွန်
ခေတ်အလွန်မှာ
နွံနစ်နေတဲ့
မြစ်ကိုလည်း သွန်ပစ်ရမယ်
သွန်တဲ့အထဲ
လက်ကိုင်တုတ် စစ်သားနဲ့ ရဲ
ထောင်ဝန်ထမ်းတွေလည်း ပါတယ်။

မောင်ရေ …
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

ကြံ့ဖွတ်တွေ
လန့်ကျွတ်နေအောင်
အမြဲကြိမ်းမောင်းပြီး
စွမ်းအားရှင်တွေ
လမ်းသလားရင်လေ
အမြဲ ဗိန်းမောင်းတီး
တောထုတ်နေရမယ်။

မောင်ရေ …
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

ဘုရားရုပ်တု ဖြိုတဲ့
အာဖဂန်က တာလီဘန်တွေ
ဘုရားရိုက်လို့ သေတယ်
မြန်မာပြည်က
သံဃာသတ်တဲ့ ငနွားသန်းရွှေ
ဘုရားလည်း ရိုက်
ပြည်သူလည်း ရိုက်လို့ သေရမယ်။

မောင်ရေ …
ထောင်တွေဟာ အောင်မြေပါပဲကွယ်။

ဘယ်ကလေး မေးမေး
သွေးကြွေးမှာ ဆွေးနွေးစရာ
အကြောင်းမရှိ
ဒေါင်းအမိ သိပါစေ။

မောင်ရေ …
ထောင်တွေဟာ အောင်မြေပါပဲကွယ်။ ။

အောင်ဝေး (ခေတ္တ ပုန်းခိုကျင်း တနေရာ)
၅-၁၀-၂၀၀၇

from Dr.Lun Swe'blog

Saturday, November 10, 2007



ကျီးနှင့် ခင်ပုပ်


ချုပ်နေ့ကျူးက
ရူးမူးတုန်လဲ့၊ ကိုးရာမဲ့ဟ
ကျီးကဲ့သို့လျှင် မတွေးချင်။

ခင်ပုပ်လည်း ငှက
ညဥ့်လည်း နက်
ထွက်၍ တိုက်ခိုက်သည်တကား။ ။


မောင်သာရ


ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်လာဖွယ်ရှိ

ဦးမြင့်သိန်း (အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ)

“လတ်တလော အနေအထားက ကောင်းပါတယ်။ အခြေအနေ ကောင်းမှာပါ။ မနေ့က အမ (အောင်ဆန်းစုကြည်) အနေအထား ကောင်းပါတယ်။ မလွတ်သေးပါဘူး။လွတ်ဖို့ နီးပါပြီ။ စိတ်စော နေကြတာပါ။ အခြေအနေ ကောင်းလာမှာပါ။” ဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့် ရှိသူ ဦးမြင့်သိန်းက မဇ္ဈိမ သို့ ပြောပြသည်။

Saturday, 10 November 2007 15:00 - မြန်မာစံတော်ချိန် (သတင်းလွှင့်တင်ချိန်)

POEM AND POET

every pain
in the poet's life
is
a poetry
for
the world.

Tayzar

Friday, November 9, 2007

Thakin Kodaw Hmaing


Thakin Kodaw Hmaing (23 March 1876 - 23 July 1964) was the greatest Burmese poet, writer and political leader in the 20th century history of Myanmar. He was regarded as the Father of Burmese nationalist and peace movements as well as a literary genius. His legacy and influence on the postwar generations can still be felt in both literature and the ongoing political struggle for peace and a new society in Myanmar.

Formative years

Hmaing was born Maung Lun in Wale village near Shwedaung in Lower Burma. He was sent at an early age to be educated in the traditional manner in Mandalay, and at the age of 9 he witnessed the fall of the Konbaung dynasty and the abduction of King Thibaw and Queen Supayalat by the British, being taken away in a carriage, near the queen's own Myadaung Monastery where he was a boarder. It was a scene that he would never forget and one that sparked his nationalist fervour in a life-long struggle for independence.

Literary genius

In 1894 Hmaing moved to Rangoon to start his career as a playwright, and switched to journalism later on writing articles for a newspaper in Moulmein (now Mawlamyaing). In 1903 he married Ma Shin whom he had met in Rangoon before moving to Moulmein, and returned to the capital as the nationalist movement was gaining momentum in 1911 to work for the Thuriya (Sun) newspaper. Writing under his own name Maung Lun or Saya Lun, he had already reached a wide audience by now through traditional stage plays written in verse and based on historical Burmese myth and legend. He contributed regularly to the paper and other publications such as the Dagon magazine where he later became an editor.

His mastery of classical Burmese literature enabled him to write extensively in verse with such ease and flair that future generations of writers still find hard to match. A genius in multiple and complex rhyme, here is one of his couplets that has often been quoted: Kaung myo ahtweidwei yenè chunzei myazei saw, daung owei yelo tunzei kazei thaw - "May a myriad good things with vigour have a chance; may the peacock have its call and dance".The dancing peacock (ka daung) was the emblem of Burmese sovereignty featured on pennants, coins and currency notes, whereas the fighting peacock (hkut daung) is the emblem of Burmese student unions. Owei is the call of the peacock and was also the title of the Rangoon University Students Union (RUSU) magazine.

Hmaing also wrote in mixed verse and prose style brilliantly presenting satires in the form of learned religious commentaries, called htikas in Pali, such as Hkway htika (On Dogs) in which he castigated politicians for wasting their time and effort in futile squabbling when they should be concentrating on the fight against colonial rule.

  1. Bo htika - On Chiefs 1914
  2. Daung htika - On Peacocks 1920
  3. Myauk htika - On Monkeys 1923
  4. Hkway htika - On Dogs 1925
  5. Boingkauk htika - On Boycott 1927
  6. Galonbyan dipani htika - On the Flying Garuda 1931
  7. Thakin htika - On Thakins 1938

Mr Maung Hmaing

A novel titled Missata Maung Hmaing hmadawbon wuttu (the Epistles of Mr Maung Hmaing) written under the pseudonym Mr Maung Hmaing in 1916 immediately caused a furore which was also the intended effect. Maung Hmaing was the name of the main character, a Casanova- like scoundrel, in a popular novel at the time called Chinbaungywet the Maung Hmaing (The Roselle Vendor Maung Hmaing) by U Kyee (1848 - 1908), and Hmaing by taking his name and styling himself Mister at the same time was mocking the affectation among some fashionable Anglophile Burmese who had started putting Mr in front of their names. It did stop the trend. And the name stuck.

National leader

Hmaing joined the nationalist Dobama Asiayone (We Burmans Association) in 1934 and qickly rose to become the leader of young Thakins - a title that proclaimed they were the true masters of their own land, not the British who had usurped the title. He thus came to be known as Thakin Kodaw Hmaing (Master Lord Hmaing), and later Sayagyi (great teacher) Thakin Kodaw Hmaing.

He is also considered to be unequalled in another traditional form of poetry called Laygyo gyi which he revived to great effect by giving it a new content of contemporary political issues. Hmaing inspired a whole generation of Burmese nationalists in the fight for independence, fostering immense pride in their own history, language and culture, and more importantly urging them to take direct action such as strikes by students and workers, the subject of Boingkauk htika (On Boycott). He showed no mercy to those who were mere political opportunists either, as in Hkway htika (On Dogs). His allusive and highly memorable style of verse made him very popular with the Burmese public and shielded his work from colonial government censorship.

In the wake of the second university students strike in history of 1936 when the All Burma Students Union (ABSU) was formed, Hmaing was elected its patron.[4] By 1941 his reputation as a leading nationalist earned him a place on the colonial authorities' 'Burma List', regarded as an 'enemy of the state'.It was Hmaing along with other leaders of the Dobama who sent Aung San and other young men - later known as the 'Thirty Comrades' - to seek military training abroad in order to fight the British.

Peace activist

Thakin Kodaw Hmaing's mausoleum on Shwedagon Pagoda Road, Yangon
Thakin Kodaw Hmaing's mausoleum on Shwedagon Pagoda Road, Yangon

After independence in 1948 the country immediately plunged into a widespread civil war which caused great sorrow to Hmaing, and he spent the rest of his life trying to bring internal peace to the land. He was a leading light in the world peace movement in Myanmar, and in 1952 attended the Peace Conference for Asia Pacific Region in Peking. He was elected Chairman of the World Peace Congress (Burma) the same year, and won the Lenin Peace Prize in 1954. Hmaing also travelled to China, Mongolia, Hungary and the Soviet Union in 1953, and went to Ceylon and India for the World Peace Conference in 1957. He was awarded an honorary doctorate in 1960 by the University of Hamburg, East Germany.

Thakin Kodaw Hmaing gave his active support together with the former Brig.General Kyaw Zaw to the Internal Peace Committee during the 1963 peace parley between the Revolutionary Council government of Ne Win and various armed rebel groups including the Communist Party of Burma, Red Flag Communists, and ethnic minorities. Hmaing's was the one voice that all parties across the political divide would listen to with respect, and remained the only alternative political voice the military could not silence, after they took power in 1962, until his death at the age of 88 in 1964 when all political parties except the ruling Burma Socialist Programme Party (BSPP) were abolished by decree.

He devoted his time to peace and national reconciliation with less time for writing towards the end of his life, stating that his last wish was to see a peaceful and united Burma. He was buried at the foot of the Shwedagon Pagoda, and on March 23 1976, the centenary of Hmaing's birth (Hmaing yabyei), over 100 students were arrested for holding a peaceful ceremony at his mausoleum.

Thakin Kodaw Hmaing was, in Anna Allott's words, "a man of many skills - a true Buddhist and a staunch patriot; poet and playwright;historian and teacher; pioneer writer and satirist - Thankin Kodaw Hmaing is the single most revered literary figure in modern Burma".

Thursday, November 8, 2007


... အမေ ...

မိန်းမတကာထက်၌ ကျနော်လေးစားမြတ်နိုးမဆုံးသော
အနာဒိအနန္တမေတ္တာရှင် “ ချစ်သော မေမေ ” သို့ ...

အမေ .....
သားတော့ မီးလောင်နေပြီ
လူတွေကတော့ ရယ်မှာပဲ
သားရင်ထဲမှာ
ကဗျာ ...
ကဗျာ ...
ကဗျာ ...
သက်သာရာ ရမလားလို့ပါ
(ဒီတစ်ခါတော့ဖြင့်)
ဝမ်းရေစပ်ရင်လည်း
နည်းနည်းခွင့်လွှတ်ပါအမေ
သားတော့ မီးလောင်နေပြီ။

သျှပ်မှူးကျော်




... စင်သီယာ ၁ ...

ငါမငိုဖူး
ပြာပုံမှာလူးတဲ့ဘဝ
လွတ်မြောက်ရေး လမ်းစရှာတုန်း
မင်းအမုန်းကိုမေ့လို့
အငွေ့ပျံနေတဲ့မျက်ရည်
လေပွေနဲ့ သစ်ရွက်
ချွေးစက်တွေ ချွေရဦးမယ်
တကယ်ပါ စင်သီယာ
ငါမငိုဖူး ...
ပထမဆုံး မင်းအတွက်ငါ
သေခဲ့တာကြာပြီ
မကြွေနဲ့စင်သီယာ
ငါ ...

သျှပ်မှူးကျော်

... စင်သီယာ ၂ ...

ငါ့ကဗျာ ဘယ်မှာလဲ
မရဲတရဲ မေးခွန်း
တိုးတိတ်လွန်းမှာသိတယ်
နယ်မချဲ့မီနဲ့ ဝေဒနာ
ငါမနေတတ်ဖူး
အရူးတစ်ယောက်ရဲ့ လွမ်းချင်းကို
မင်းဘာကြောင့် နားထောင်ချင်တာလဲ
အသဲမှာစွဲတဲ့ မြှားချက်ဟာ
လူမသိဘဲ အသက်သေစေတယ်
နွေမှာဖြစ်တဲ့ မိုးတိမ်ဟာ
မုတ်သုန်မလာခင် အိပ်စက်ရဦးမယ်
မင်းရဲ့ နောက်ဆုံးရယ်မောသံမှာ
ငါသေခဲ့ပြီ စင်သီယာ
ငါ့ကဗျာဘယ်မှာလဲ။

သျှပ်မှူးကျော်

.. စင်သီယာ ၃ ...

ငါမပြောတော့ဖူး
မင်းဦးနှောက်နွံအိုင်တောမှာ
ဘောဂဗေဒဇယားချပ်တွေ
မျက်တောင်ခတ်တဲ့ကိန်းဂဏန်းတွေ
“ငွေ .. ငွေ .. ငွေ ” (မင်းတို့)
ဆိုနေကျ သီချင်းတစ်စမို့
ငါအလွတ်ရနေပြီ
ဒီအမှိုက်ပုံထဲ၊ ငါ့ကိုမဆွဲနဲ့စင်သီယာ ငါမလာနိုင်ဖူး
စူးစူးဝါးဝါးအော်ဟစ်
ချွေးမိုးအောက်နစ်ပါစေ
မင်းပြုံးနေ စင်သီယာ
ငါမပြောတော့ဖူး .. ။

သျှပ်မှူးကျော်

... စင်သီယာ ၄ ...

မင်းမညာနဲ့
ကွန်ပျူတာနှလုံးသားရှေ့
အသံမဲ့နေတဲ့ တိတ်တစ်ခွေ
မင်းငိုနေသလား .. အချစ်
အက်စစ်မျက်ရည်တွေပဲ
ငရဲဆန်လှတယ်
မင်းဘ၀ ... မင်းအသက်
မင်းဟာ စက်ရုပ်ပဲ
မင်းလုပ်သမျှ ဆန္ဒမဲ့တယ်
ယန္တယားရဲ့ လည်ပတ်မှုဖြစ်စဉ်မှာ
ငွေဟာ လောင်စာပဲ စင်သီယာ
မင်းမညာနဲ့ ... ။

သျှပ်မှူးကျော်

.. စင်သီယာ ၅ ...

မင်းကို ငါချစ်တယ်
ရာစုနှစ်ပေါင်များစွာမှာ
လူတွေဒါပဲ ပြောကြတယ်
ငါ့အတွက်စကား (၅) လုံး
မင်းအပြုံးက ၀ါးမြိုခဲ့
သရော်တဲ့ နှုတ်ခမ်းတွေ
“ချွင်” “ချွင်” မြည်နေတယ်
မြေကြီးသားဘ၀မှာ
အဇ္ဈတ္တိကမီးပုံကြောင့်
ငါ့ရင်အုံလူသတ်ကွင်းထဲ
သားရဲတွေအစာတောင်းပြီး
အသက်နဲ့အညီအမျှ ကျိန်ဆို
မိုးပြိုတယ် စင်သီယာ
မင်းကို ငါချစ်တယ်

သျှပ်မှူးကျော်

.

...ထူးအိမ်သင် ကိုယ်ရေးအကျဉ်း...
ဖခင် ဦးထွန်းမြင့် နှင့် မိခင် ဒေါ်မြရင် တို့မှ ဇူလိုင်လ (၁) ရက်၊ ၁၉၆၃ ခုနှစ်တွင် ပုသိမ်မြို့၌ မွေးဖွားခဲ့သည်။ အဖေ ဗမာ၊ အမေ မွန် ဖြစ်သည်။ အမည်ရင်း ကျော်မြင့်လွင် ဖြစ်ပြီး သျှပ်၊ ဘဲဥ၊ ငှက်ကြီး ဟု ချစ်စနိုးခေါ်ကြသည်။ မူလတန်း ပညာကို အမှတ် (၂၀) အ-မ-က တွင် ပညာသင်ကြားခဲ့ပြီး ပုသိမ် အ-ထ-က (၃) မှ အထက်တန်း အောင်မြင်ခဲ့သည်။ ၁၉၇၉-၈၀ တွင် ဧရာဝတီတိုင်း ပုသိမ် ဒေသကောလိပ်သို့ တက်ရောက်ခဲ့ပြီး ရုက္ခဗေဒဖြင့် ဘွဲ့ရရှိခဲ့ပြီး မော်လမြိုင်မြို့တွင် ဂီတဆရာ ဦးအောင်စိုး (KC Francis) ထံမှ ဂီတ သင်္ကေတနှင့် ဂီတပညာ သင်ယူခဲ့သည်။
၁၉၈၆ ခုနှစ်တွင် ပထမဆုံး တေးစီးရီး နာရီပေါ်မှ မျက်ရည်စက်များ စတင် သွင်းယူခဲ့ပြီး နာရီပေါ်မှ မျက်ရည်စက်များ၊ မှော်ဆရာအိပ်မက်၊ သက်ငြိမ်၊ အတ္တပုံဆောင်ခဲများ၊ အကြင်နာ အိပ်မက်၊ အရင်အတိုင်း၊ စကားလုံးမရှိတဲ့ ကောင်းကင်၊ ထူးအိမ်သင် (Unplugged Live) ၊ မြို့ပြလရောင် တမ်းခြင်း၊ အမေ (သို့မဟုတ်) မေတ္တာတော်ဘွဲ့၊ အစိမ်းရောင် ရက်စွဲများ၊ တစ်နေ့စာ အလွဲများ၊ ချစ်ခြင်းအားဖြင့် တို့ဖြစ်သည်။
နောက်ဆုံး သီချင်းခွေအတွက် Oasis တေးသံသွင်းတွင် အသံသွင်းမှုများ ပြုလုပ်ခဲ့ကာ ၁၄-၈-၂၀၀၄ နံနက် ၁၁း၄၀ နာရီတွင် ကွယ်လွန်ပြီး ဇနီး သွယ်သွယ်ထွေးနှင့် သမီး မိကွန်ထော တို့ ကျန်ရစ်သည်။