|
| သူစိမ်း |
![]() |
| *ကျွန်တော့ကိုပြောပြပါ |
| ခင်ဗျားဟာ အလွန်စိတ်ဝင်စားစရာကောင်းတဲ့ |
| လူတယောက်ပါ |
| ခင်ဗျားဘယ်သူ့ကို အချစ်ဆုံးလဲ |
| ခင်ဗျားရဲ့ အဖေလား - အမေလား |
| ညီလား - အကိုလား၊ အမလား - ညီမလား။ |
| *ကျွန်တော့မှာ အဖေအမေ မရှိပါဘူး |
| ညီတို့ အကိုတို့၊ ညီမတို့ အမတို့လည်း မရှိပါဘူး။ |
| *ဒါဆို ... ခင်ဗျားရဲ့ သူငယ်ချင်းလား။ |
| ဒီအက္ခရာစာလုံးတို့ရဲ့ အဓိပ္ပာယ်ကို ကနေ့တိုင် |
| ကျွန်တော်ရှင်းလင်းစွာ နားမလည်သေးပါဘူး။ |
| *ဒါဆို ... ခင်ဗျားရဲ့ တိုင်းပြည်။ |
| သူဘယ်အရပ်မှာ တည်ရှိနေတယ်ဆိုတာ ကျွန်တော်မသိပါ။ |
| |
| *ဒါဆို ... အချောအလှ။ မိန်းမ။ |
| တကယ်လို့သာ၊ သူမဟာ |
| ထာဝစဉ် နုပျိုနေမယ့် နတ်မိမယ်လေး |
| ဖြစ်နေမယ်ဆိုရင်တော့ဗျာ |
| ကျွန်တော် ချစ်ကောင်းချစ်မိမှာ။ |
| *ဒါဆို ... ရွှေငွေဥစ္စာ။ |
| အဲဒီအရာတွေကို ကျွန်တော်မုန်းပါတယ်။ |
| ဘုရားသခင်ကို မုန်းသလိုမျိုးပေါ့။ |
| *ဟာ ... ခင်ဗျားက လူထူးလူဆန်းကြီးပါလား။ |
| ဘယ်အရာကို အမှန်စစ် |
| ခင်ဗျားတကယ်ချစ်တာလဲလို့။ |
| *ကျွန်တော် ... ဟိုး ... ဆီက တိမ်ကို ချစ်ပါတယ်။ |
| ဟိုးဆီက လွင့်နေတဲ့ တိမ်ကိုလေ ...။ |
| |
| မှန်းမျှော်တွက်ဆလို့ မရတဲ့တိမ်လေ .......။ ဘာသာပြန်သူ (မိုးစက်) |
| ဘော်တယ်လာ (ပြင်သစ်) ကဗျာဆရာ၏ ကဗျာ |
Wednesday, November 14, 2007
Subscribe to:
Post Comments (Atom)

No comments:
Post a Comment