ကျောင်းသားဟာ
 ဆူပူလှုံ့ဆော်ရေးသမားမဟုတ် 
မဟုတ်မခံ 
အမှန်တရားကို မြတ်နိုးသူသာဖြစ်တယ်။  
ကျောင်းသားဟာ တော်လှန်ရေးသမားမဟုတ်
ဖိနှိပ်ချုပ်ချယ်မှုကိုဆန့်ကျင်
လွတ်လပ်မှုကို ခုံမင်သူသာဖြစ်တယ်။
  အေး … ဒါပေမဲ့ 
အမှန်တရား ဆိတ်သုဉ်း လွတ်လပ်မှု ဆုံးရှုံးတဲ့အခါ
ကျောင်းသားဟာ ဆူပူလှုံ့ဆော်ရေးသမား ဖြစ်ရမယ်
ကျောင်းသားဟာ တော်လှန်ရေးသမား ဖြစ်ရမယ် … ။
                                                                                                                                             ဒေါက်တာလွဏ်းဆွေ
(၁၉၈၈ ခုနှစ် မတ်လတွင်ရေးသားသည်)
No comments:
Post a Comment